လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်ခင်ဗျာ
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

Friday, May 4, 2012

နေ့ထူးနေ့မြတ် ကဆုန်လ (ဝါ) ဗုဒ်ဓနေ့

အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။


“ ကဆုန်လပြည့်နေ့” သည် . . . . .

ဗုဒ္ဓဘုရားရှင်တိုင်း ဘုရားရှင်တိုင်း၏

(၁)    နိယတ ဗျာဒိတ်တော် ခံယူတော်မူခြင်း။

(၂)    ဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း။

(၃)    ဘုရားဖြစ်တော်မူခြင်း။

(၄)  ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း တည်းဟူသော လေးပါးသော ဗုဒ္ဓကိစ္စတို့ကို အစဉ်ဆောင်ရွက်တော်မူသော နေ့ထူးနေ့မြတ် ဖြစ်ပါ၍ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများအား ယုံကြည်လေးစား လိုက်နာကျင့်ဆောင်တော်မူကြ ကုန်သော ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓနေ့အဖြစ် -

-   ဗုဒ္ဓဘုရားရှင်အား ပူဇော်ကျေးဇူးဆပ်သောအားဖြင့် လည်းကောင်း။

-   သတ္တ၀ါအပေါင်းတို့အား ဘေးအန္တရာယ်ကင်း၍ ကပ်သုံးပါးတို့မှ ကျော်လွှားနိုင်စေရန်အလို့ငှါလည်
းကောင်း။

-   လောက ချမ်းသာစေခြင်း အကျိုးငှါလည်းကောင်း။

-   သာသနာတော်အား ထိန်းသိမ်းစောင့်ရှောက်သောအာြး
ဖင့်လည်းကောင်း။

ထို “ ကဆုန်လပြည့် နေ့ထူးနေ့မြတ်” တွင် ဥပုသ်သီတင်းသီလ စောင့်ထိန်းကြပါစို့” ဟု ဗုဒ်ဓဘာသာဝင်များအနေနဲ့
   လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။




ကဆုန်လပြည့် ဖြစ်ပေါ်လာပုံလေးကတော့..........
............

၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များ
ညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
ဒါကို မြန်မာ့ယဉ်ကျေးမှုမှာတော့ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။

၁- ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။

၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။

၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။

၎- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓ၀င်အကျဉ်းကိုဟောတော်မူပါတယ်

၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။
ဘုရားအဖြစ်နဲ့ ၄၅ ၀ါ သီတင်းသုံးတော်မူခဲ့တယ်။ အဲဒီ ၄၅ နှစ်အတွင်းမှာ တရားဟောခြင်း သံဃာ့အဖွဲ့အစည်း ထူထောင်ခြင်း နှင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့အကျိုးတရားကို နေ့မနားညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါ
တယ်။

ဒီအချက်တွေနဲ့ ပြည်စုံတဲ့ ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ထူးနေ့မြတ်မှာ ကုသိုလ်များယူရင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 
                                    ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင် ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော် ဦးခိုက်ကြတယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး၊ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက် ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လို ပြန်ပြောတယ် မှတ်ပါသလဲ --
ကျွန်တော်မျိုးမရဲ့ မေတ္တာ သံယောဇဉ်ကို မောင်တော် သိဒ္ဓတ္ထ နားလည်တယ် ဆိုရင် အဆောင်တိုက်ခန်းကို ကြွလာပါလိမ့်မယ်၊ သမီးတော်ကတော့ မသွားနိုင်ပါဘူး တဲ့။

တကယ်လဲ ဘုရားရှင်က အသိအမှတ်ပြုခဲ့ပါတယ်၊ အဆောင်တိုက်ခန်းကို ကြွခါနီးမှာ နောက်မှာ ပါလာတဲ့ သူကို ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ၊ ဘယ်သူမှ မတားမြစ်ကြပါနဲ့ လို့ တားမြစ်တော်မူပြီး အဆောင်တိုက်ခန်းကို ရောက်တဲ့အခါမှာလဲ ခြေဖမိုးတော်ပေါ် ပါးအပ်လို့ ငိုကြွေးခွင့်ပြုခဲ့တယ်၊

နောက်ဆုံးမှာတော့ ဖခင် ဘုရင်ကြီးက ချွေးမတော် ယသော်ဓရာ ရဲ့ သံယောဇဉ်ကြီးပုံ၊ ကျေးဇူးသိတတ်ပုံ၊ သိဒ္ဓတ္ထ မင်းသား တောထွက် တရားကျင့်နေချိန်မှာ လုပ်တဲ့ အပြုအမူအတိုင်း နန်းတော်ပေါ်က ယသော်ဓရာကလဲ လိုက်လံ တုပ ကျင့်ဆောင်ပုံတွေကို အားပါးတရ လျောက်ကြားတော်မူတဲ့ အခါမှာ --

မင်းကြီး ယသော်ဓရာ မင်းသမီးဟာ ဒီ တစ်ဘ၀ထည်းသာ ငါဘုရားကိုယ်တော်အပေါ်မှာ ကျေးဇူးများတာ မဟုတ်ဘူး၊ ဟိုအရင် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွေမှာလဲ အနစ်နာခံ အနွံတာခံ စွန့်လွှတ်ပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ် -- အစချီပြီး စန္ဒကိန္နရီ ဇာတ်တော်ကြီးနဲ့ တကွ မဟာဗုဒ္ဒ၀င်ကို ဟောတော်မူပါတယ်၊

ဤသို့ ထူးခြားချက် များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိခြင်းသည် ချစ်စရာဓလေ့တစ်ခုပင်၊
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ဗုဒ္ဓနေ့ကို အကြောင်းပြုကာ ဘုရားရှင်၏ ဂုဏ်တော်များကို အထူးအောက်မေ့ နှလုံးသွင်းလျက် ကုသိုလ်ကောင်းမှု့များကို ပြုနိုင်ကြပါစေသား ဟု ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ၊
အင်တာနက်ပေါ်က မြန်မာပြက္ခဒိန်တွေ ကြည့်ပြီး အလုပ်လုပ်နေတာ မှားပါပေါ့လား၊ တန်ခူးလ လို့ပဲ ထင်နေမိ တယ် :P အခုမှပဲ လပြည့်နေ့ကို မှီအောင် ပူဇော်မိပါတယ်၊ လွဲချော်တာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါကုန်၊ တနှစ်လုံးရဲ့ အပူဆုံးလ၊ ရေပြတ်တဲ့ လ၊ အိန္ဒိယ နိုင်ငံရဲ့ အပူချိန်အမြင့်ဆုံး လမှာပဲ စာရေးသူဟာ ဂယာမြေကို ခြေချမိနေခြင်းက ကံကောင်းတာလား ကံဆိုးတာလား မခွဲခြားတတ်တော့။ ကဲ ဘာဖြစ်ဖြစ် - မင်းတို့ထွက် ရက်ရာဇာ တဲ့၊ ကြိုက်သလောက် ပူစမ်းပါစေ - အဖ ဘုရားရှင်ရဲ့ ဖွားဖက်တော် ဗောဓိ ညောင်ပင်အောက် ကတော့ အေးမြစေမှာ အသေအချာပင် -


ဒီအချက်တွေနဲ့ ပြည်စုံတဲ့ ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ထူးနေ့မြတ်မှာ ကုသိုလ်များယူရင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



ဖွား+ ဖြစ်+ ဟော+ စံ= ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ဖွား
ဖြစ်
ဟော
  စံ
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပေသည်။ ယင်းက ဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့ အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေ အတွင်းရေးမှုးချုပ် တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကား တော်များကို ချီးကျူးခဲ့ ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူး သက်ရောက်ပုံ များကို လည်း ပြောကြားခဲ့ကြသည်။ 
 




 
 ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော ကြီးမားလှသည့် ကမ္ဘာ့ပြဿနာကြီးတို့ကို ဖြေရှင်းရာတွင် လမ်းကြောင်း မှန်သို့ တည့်မတ်ပေးသည့် ကောင်းမွန်သည့် လမ်းညွှန်ကြီးတစ်ခုဖြစ်သည်ဟု ဖွင့်ဟလာ သူကတော့ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်သည်။ ယင်းသတင်း စကားကို ကုလသမဂ္ဂ၏ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တင်ပြလိုသည် မှာ တန်ဖိုးကိုသိသူမှာ မိမိတန်ဖိုးသည့်အလျောက် သူနေရာနဲ့သူ အသုံးတည့်အောင် အသုံးချသွားချင်း ဖြစ်သည်။ မသိသူတွေက ကျော်ခွသွားပြီး သိသူများက ဖေါ်စားသွားသည့် သဘောပင်ဖြစ်လေသည်။ 
 
အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် သဘောပေါက် နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေ နေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။ 
  

လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက် နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ် သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူ တစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
မင်းကစကော ငါကပိုး အမျိုးဘာသာသာသနာမှာ ဗုဒ်ဓခရစ်ယာန် ခွဲစရာမလိုဘူး ကွဲပြားနေရင် ကျားဆွဲ ဟင်္သသာကိုးသောင်းတို့လို အစားခံရတောမယ်

Template by:

Free Blog Templates