လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်ခင်ဗျာ
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

Tuesday, June 26, 2012

ပေးဆပ်ခဲ့တာတွေ အစားပြန်ရစေရမယ်ချစ်သူ မမုန်းဖူးသောအမုန်းတွေနဲ့ နင့်ကိုသိပ်မုန်းတယ်


ချစ်တတ်လာအောင်
 
ဘယ်သူသင်ပေးခဲ့တာလဲလို့
 
မေးမိတိုင်း........
 
ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်......၊

လွမ်းတတ်လာအောင်
 
ဘယ်သူလုပ်ခဲ့တာလဲ လို့
 
မေးမိရင်းးး နဲ့
 
မင်းကိုသိပ်လွမ်းလာတယ်......၊

မျှော်လင့်ချက်တွေပေးလို့
 
ခြေရာဖျောက်
 
မင်းကိုယ်ယောင်ဖျောက်သွားခဲ့တယ်......၊
 
 မင်းဘာတွေလုပ်လို့
 
ဘယ်လိုတွေဖြစ်နေမယ်ဆိုတာ
 
သိပိုင်ခွင့်မရှိခဲ့ တော့မှ
 
ငါ ပိုမို ပိုင်ဆိုင်ချင်လာတယ်......၊

သိပ်ချစ်မိသွားတော့မှ ငါ့မာနတွေ
 
ငါ့အတ္တတွေ မင်းခြေဖ၀ါးအောက် မှာ
 
ဝပ်စင်းလို့..........၊

ချစ်တယ်ဆိုတဲ့
 
စကားလေးကြားချင်လို့
 
အပြုံးလေးတစ်ချက်မြင်ချင်လို့
 
အိပ်ပျက်ရတဲ့ နေ့ညတွေကများလို့..........၊

ငါ မင်းကိုသိပ်ချစ်ခဲ့တာ
 
မင်း သိနေခဲ့သလို...
 
ငါ မင်းကို မျှော်လင့်ခဲ့တာလဲ
 
မင်းသိနေခဲ့လို့............၊

ယုံကြည်လွယ်ခဲ့မိတယ်.............
 
အချစ်တွေပုံအောပြီး ပေးခဲ့မိတယ်....
 
မဖြစ်နိုင်မှန်းသိနေခဲ့တာတောင်
 
မင်း စိတ်တစ်ခုထဲနဲ့ ငါဖြစ်လာအောင်
 
ကြိုးစားမိခဲ့တယ်............၊

ဒါပေမယ့်..........

မင်း နဲ့ ပတ်သတ်ပြီးသိလိုက်ရတဲ့
 
ရှုံးဆုံးမှူ့........
 
ငါ အံ့သြော်မိခဲ့တယ်ဆိုတာထက်
 
ထင်မှတ်မထားခဲ့မိတာ ......
 
ကိုယ့် မျက်စိ ကိုယ်တောင်
 
မယုံကြည်နိုင်ခဲ့တာ...ဆိုရင်
 
ပိုမှန်နေလိမ့်မယ်..........၊

မင်းနာမည် မခေါ်ရဲလောက်အောင်
 
ငါ ရှက်တယ်..........
 
မင်းနာမည် မတချင်လောက်အောင်
 
ငါ နာကျည်းတယ်.........
 

ငါရွံတယ်.......
 
တစ်ခါမှ မမုန်းဖူးတဲ့ အမုန်းတွေနဲ့
 
ငါ မင်းကို သိပ်မုန်းတယ်.....



Friday, June 22, 2012

မြတ်ဝတီဒုံး

Tuesday, June 5, 2012

နုတ်ဆက်ည



နှုတ်ဆက်ည

ညကြီးမင်းကြီး
 
သက်တံ့တွေအောက်
 
ကြယ်စင်လေးတွေ အလင်းရောင်ပျောက်လို့ 
 
ငါ့ ရင်ထဲမီးထတောက်တယ်။

ကြင်ကြင်နာနာအနမ်းတွေပေးခဲ့ သမျှ
 
နာနာကျင်ကျင် လွမ်းနေဆွေးနေရမှာ
 
သိပ်တော့ မတန်ဘူး။

ကြယ်လေးတွေတောင်မိုးသောက်လို့ 
 
အိပ်တန်းတတ်ကြပြီ
 
နင်လိုက်သွားမဲ့ လေယာဉ်ကြီးတောင်
 
ပါးစပ်ကြီးဖြဲလို့ အော်ခေါ်နေပြီလေ။

ထွက်သွားတော့ မဲ့ နင်ခြေလှမ်းတွေကို
 
ဆွဲထားနိုင်ဖို့ တော့ 
 
နင့် ရှေ့မှာဒူးထောက်ဖို့ လိုလိမ့် မယ်
 
အနိုင်မခံအရှုံးမပေး
 
စိတ်ဓါတ်မွေးထားတဲ့ ငါ့ အတွက်
 
ဒူးထောက်ရမှာအမုန်းဆုံးပဲ

မျက်ရည်တွေလည်ပြီးငေးနေမဲ့ အစား
 
အမုန်းတွေဝယ်ပြီးပေးလိုက်ပါလား။

ချစ်သူ
 
နင်သွားမဲ့ မပြန်လမ်း
 
ဖြောင့် တန်းပါစေ။

Sunday, June 3, 2012

မျက်ရည်မြစ်


  •  
...မျက်ရည်မြစ်တို့
  
 စီးဆင်းနေဆဲ
   
ဒီရင်ထဲမှာ
  
 အလွမ်းပန်းချီကားတစ်ချပ်
  
 ရေးဆွဲတတ်ခဲ့ပြီလေ...

...ကွဲအက်နေတဲ့ နှလုံးသားတစ်စုံ
  
 အမြဲလတ်ဆတ်နေတဲ့ ခံစားမှု
  
 နှလုံးသားတစ်ခု

  အရင်းပြုကာ
   
ရရှိခဲ့တဲ့ ဒီဒဏ်ရာ

  အနာမကျက်သေးသရွေ့တော့
   
ခံစားပေဦးတော့...

...ဘယ်သူ့ကိုမှ အပြစ်မမြင်အပြစ်မတင်ရက်ပါဘူး

  မှားခဲ့သူ ငါကိုယ်တိုင်က
  
 ဆုံးဖြတ်ပြီးပြီပဲ
  
 တွေဝေနေတဲ့စိတ်ကို
  
 မာနနဲ့ဖြတ် သိက္ခာနဲ့ဆယ်ပြီး
  
 ကျိတ်ကာပဲ ဆွေးနေပါတော့မယ်...

...ဖြစ်ပြီးသမျှဟာ
   
ငါ့အတွက်တော့ ဘဝသင်္ခန်းစာတစ်ခုဆိုရင်တောင်
  
 နာကျင်မှုကိုအရင်းပြု ခံစားမှုကိုလစ်လျှူရှု့ပြီး
   
ရရှိခဲ့တဲ့ သင်္ခံန်းစာလေးတစ်ခုလို့ပဲ..ငါ
  
 ရင်ထဲမှာ တစ်သက်လုံးသိမ်းထားလိုက်ပါတယ်...

Related Posts Plugin for WordPress, Blogger...
မင်းကစကော ငါကပိုး အမျိုးဘာသာသာသနာမှာ ဗုဒ်ဓခရစ်ယာန် ခွဲစရာမလိုဘူး ကွဲပြားနေရင် ကျားဆွဲ ဟင်္သသာကိုးသောင်းတို့လို အစားခံရတောမယ်

Template by:

Free Blog Templates