Popular Posts
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယာ ...
-
ချစ်ရသူရေ......... မင်းလေးကို ကိုယ်က ရွေးချယ်ခဲ့တာ မဟုတ်ပါဘူးကွာ... ရွေးချယ်တယ်ဆိုတာ အများကြီးထဲက တစ်ယောက်ကို....... ...
-
ချစ်ခဲ့တယ် သူ့ကို အားလုံးထက် တန်ဖိုးထားပြီးတော့ပဲ ချစ်ခဲ့တယ်။ သူ့အတွက်ပဲ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို လုပ်ခဲ့မိတယ်။ ငါ့ကို မချစ်တဲ့ ငါ့ချစ်...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသော...
-
တစ်ကယ်တော့... အမေရယ်... နိုင်ငံရပ်ခြား တိုင်းတပါးဆိုတာ အမိမြေနဲ့ ခွဲခွာဖူးသူတိုင်း သိခဲ့ကြတဲ့ အသိတရားတစ်ခုက တစ်ဘ၀တာမဟုတ်ဘဲ တစ်ခဏစာအလုပ်...
-
မင်းလဲယောင်္ကျားကောင်းတယောက်ပါ Posted by saw chit thi ha IF ‘အကယ်၍’ If you can keep your head when all about you, Are losing theirs ...
Tuesday, December 10, 2013
Monday, November 11, 2013
နောက်ကွယ်က ညွန်ကြားကြိုးကိုင် သူတွေကို ဖော်ထုတ်ကြ (ဆောင်းပါး)
Posted by saw thi ha chitthu at 8:38 PM
(မောင်ကျော်စွာ)
(၂၀၁၃ခုနှစ်၊ အောက်တိုဘာ ၂၂ရက်)(နဝတ-နအဖ)စစ်အစိုးရအုပ်စိုးခဲ့သည့် နှစ် ၂၀ကျော်ကာလကို လက်နက်ကိုင်အင်အားစုများအတွင်း ကွဲအက်မှု/ ခွဲထွက်မှုတွေ အတောမသတ် ပေါက်ကွဲ ပေါ်ထွက်သည့် ကာလဟုဆိုလျှင် ရမည်ထင်ပါသည်။
ကွဲထွက်/ခွဲထွက်ကြရခြင်း၏ မူလအကြောင်းရင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အတွင်းပိုင်းအကြောင်းရင်းကသာ အဓိက ဖြစ်မြဲဖြစ်သော်လည်း အုပ်စိုးသူ၏ ထိုးနှက်ဖြိုခွဲမှုများကလည်း ကိုယ့်ဝမ်းနာကိုယ်သာသည့် အခြေအနေများကြောင့် ထိရောက်မှု ကောင်းလှသည်။ သို့ဖြင့် တားမရ၊ ဆီးမရ ဒူးရင်းသီးကွဲအက်သကဲ့သို့ ကွဲထွက်ကုန်သည်။ အဖွဲ့ကြီး ၁၇ဖွဲ့၊ အဖွဲ့ငယ် ၂၃ဖွဲ့ဆိုတာ တွေ ပေါ်လာသည်။
ကွဲထွက်လာသမျှ / ခွဲထွက်ခဲ့သူမှန်သမျှကို (နဝတ-နအဖ)စစ်အစိုးရက လိုအပ်သည့်နေရာတွင် ပီပီပြင်ပြင် အသုံးချခဲ့သည်။
စစ်မြေပြင်တွင် လမ်းပြအဖြစ်၊ ပွိုင့်အဖြစ် ရှေ့ကတက်စေခဲ့သည်။ နိုင်ငံရေးဘက်တွင် “အခြားဖိတ်ကြားသင့်သူများ” ခေါင်းစဉ် အောက်တွင် “ကျိုက္ကဆံ/ညောင်နှစ်ပင်ညီလာခံ”များတွင် တက်ရောက်ဆွေးနွေးစေခဲ့သည်။
ကရင်အမျိုးသားအလံတော်ကို (နဝတ-နအဖ)ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေးက ခြေဖြင့်နင်းပြခဲ့သည့် ဖြစ်ရပ်သည် ထို ကာလများအတွင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မဟာဗမာလူမျိုးကြီးဝါဒဆန့်ကျင်ရေး အာဘောင်အာရင်းသန်သန်ပြောသူ တချို့လည်း မဟာလူမျိုးကြီး ရန်သူထံ ဒူးထောက်အညံ့ခံသွားသည်။ တချို့ရော်ဘာခြံသူဌေးဖြစ်သွားသည်။ သူ့တစ်ဦးချင်းအ တွက် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရရှိသွားပုံပေါ်ပါသည်။ သူ့တစ်ဦးချင်းအတွက် ထာဝရငြိမ်းချမ်းရေး ရသွားသည်ဟု ထင်ပါသည်။
မဟာဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေးအပြောသန်သူများသည် အခြေအနေတစ်ခုရောက်လျှင် မဟာဗမာလူမျိုးကြီးအုပ်စိုးသူထံ ဒူးထောက်သွားတတ်သည်ဟု ကောက်ချလျှင် အများကသဘောတူကြလိမ့်မည်ဟုထင်ပါသည်။ မိမိတစ်ကိုယ်ကျိုးအတွက် စားသာမည်ထင်သည့်ဘက်၊ အခွင့်အရေးသာမည့်ဘက်သို့ ပြောင်းသွားခြင်းဖြစ်သည်။ လူမျိုးရေး/အမျိုးသားရေးဆိုသည်မှာ သူ့ အတွက် ဗန်းပြရန်နှင့် ကိုယ်ကျိုးရှာရန် ခေတ္တခြုံထားသည့် ဟန်ပြဝတ်ရုံသာဖြစ်သည်။
စို့စို့ပို့ပို့ သူ့တစ်ကိုယ်ကျိုးရမည်ဟု ထင်သည်နှင့် သူခြုံထားသည့် “လူမျိုးရေး/အမျိုးသားရေး”ကို စွန့်ပယ်ရန်၊ ချွတ်ပစ်ရန် ဝန်မ လေးချေ။ ထိုလူစားမျိုးသည် ခေတ်တိုင်း ရှိနေပါလိမ့်မည်။ မြင်အောင်ကြည့်ဖို့နဲ့ ဆင်ခြင်သတိရှိကြဖို့သာ လိုသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့်အတူ ဘာသာရေးအရေခြုံ၊ လူမျိုးရေးဗန်းပြသည့် လူသတ်၊ မီးရှို့ အကြမ်းဖက်မှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပါသည်။ ထို့အပြင် လယ်သမား၊ အလုပ်သမားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှု များလည်း အစီအရီပေါ်ပေါက်လာပါသည်။ ထူးခြားသည့်အချက်မှာ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ဧရာဝတီမြစ်ဆုံအရေး၊ လက်ပံ တောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အစိုးရ၊ စစ်တပ်နှင့် ခရိုနီများက မတရားသိမ်းပိုက်ထားသည့် လယ်မြေယာမြေများ ပြန်လည်ရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အစရှိသော လယ်သမား၊ အလုပ်သမားများ၊ ပြည်သူများ၏ ငြိမ်း ချမ်းစွာဆန္ဒပြမှုများကို သေနတ်၊ မီးလောင်ဗုံးများ အသုံးပြု၍ အကြမ်းဖက်နှိမ်နင်းသော်လည်း ဘာသာရေးအရေခြုံ၊ လူမျိုးရေး ဗန်းပြလူသတ်၊ မီးရှို့ အကြမ်းဖက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းခြင်းမရှိဘဲ လက်ပိုက်ကြည့်နေပါသည်။
ယခုအခါ တစ်ပြည်လုံး အပစ်အခတ်မရပ်နိုင်သေးဘဲ၊ တစ်ပြည်လုံးအနှံ့ ဗုံးပေါက်ကွဲမှု/ဗုံးလန့်မှုတွေ ဆက်တိုက် ရုတ်ချည်းဆို သလို ပေါ်ထွက်လာသည်။ အောက်တိုဘာလအတွင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည်ဆိုသည့် (Nationwide ceasefire) အသံသည် ဗုံးပေါက်ကွဲသံများအကြားတွင် တိုးတိတ်ပျောက်ကွယ်သွားသည်။
ဗုံးပေါက်ကွဲမှု / ဗုံးလန့်မှုတွေရဲ့ “လက်သည်တရားခံ” ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လိုရည်ရွက်ချက်နဲ့ဆိုတာ အောက် တိုဘာလ ၂၀ရက်နေ့က (MPC) ၌ ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သတင်းစာရှင်းလင်းပွဲတွင် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များ မေးမြန်းသမျှ “မှောက်ထားသောခွက်ကို လှန်ပြလိုက် ဘိသကဲ့သို့” အကျယ်တဝင့်၊ ရှင်းလင်းတင်ပြ ဖြေကြားဝန်ခံသွားခဲ့ပြီးဖြစ်သည်။ ပဒိုမန်းငြိမ်းမောင်၏ ရှင်းရှင်းဘွင်းဘွင်း ဖြေကြား ချက်များကို အစိုးရနေ့စဉ်ထုတ် သတင်းစာများတွင်လည်း ဝေဝေဆာဆာ ဖော်ပြထားပါသည်။
နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး “နောက်ကွယ်က ညွှန်ကြားကြိုးကိုင်တဲ့ပုဂ္ဂိုလ်တွေ”ကိုလည်း စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲရဲဝံ့ဝံ့ ပင် ပြောသွားပါသည်။ ကြံ့ဖွံ့အစိုးရနှင့် စစ်တပ် အသိုင်းအဝိုင်းအတွင်း၌လည်း ပဒိုမန်းငြိမ်းမောင်၏ကရင့်သတ္တိကို ချီးကျူးနေကြ သည်။ အစိုးရပြောခွင့်ရ ဒုတိယဝန်ကြီး ဦးရဲထွဋ်ပင်မပြောရဲ / ဝန်မခံရဲသည်ကို ပြောဝံ့သော/ ဝန်ခံရဲသော“ဖထီး”ဟူ၍လည်း လက်ဖျားခါနေကြသည်။ နိုင်ငံတော်အစိုးရနဲ့ စိတ်တူကိုယ်တူ ပူးပေါင်းသူ “ဖထီး”ဟုလည်း ကောက်ချက်ချနေကြသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် ပဒိုမန်းငြိမ်းမောင်၏ “ပြောရဲသည့်သတ္တိ”ကို အတုခိုးပြီး ရခိုင်ပြည်နယ်မှ စတင်လာခဲ့သော ဘာသာ ရေး၊ လူမျိုးရေးအရေခြုံ၊ ဗန်းပြပြီး လူသတ်၊ မီးရှို့အကြမ်းဖက်မှုများကို စီရင်ဖန်တီးခဲ့ကြသည့် “နောက်ကွယ်က ညွှန်ကြားကြိုး ကိုင်သူတွေ”ကိုလည်း အလျင်အမြန် ဖော်ထုတ်စေချင်ပါသည်။
Monday, November 4, 2013
Window CD/DVD များ USB သို့ထည့်နည်း
Posted by saw thi ha chitthu at 12:02 AMပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။
လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။
ကဲ...စကြရအောင်...
အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။
ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်
Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်
အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....
diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)
ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။
ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...
xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။
ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။
အားလုံးအဆင်ပြေပါစေ....
စောလင်းနက်စ်
Sunday, November 3, 2013
USB / Memory stick ကို Bootable ဖြစ်အောင်ပြုလုပ်ခြင်း နှင့် Windows Installation ပြုလုပ်ခြင်း
Posted by saw thi ha chitthu at 11:45 PMဒီနည်းလေးကတော့ မိမိ computer မှာ CD/DVD Drive မပါဘဲ Windows တင်ချင်သူများ
Internet မှ ဒေါင်းလုပ်ရရှိလာသော iso file (Windows image file) များမှ Windows install လုပ်လိုသူများအတွက် အရမ်းကို အသုံးဝင်လှပါတယ်
( iso file လေးကို ဖြည် ဒီတိုင်း CD/DVD ထဲ burn ရုံနဲ့ stick ထဲ copy ကူးထည့်ရုံနဲ့) Bootable မဖြစ်လို့ ကွန်ပျူတာက နားမလည်နိုင်ပါ...install လုပ်လို့မရပါ) ကျွန်တော်ကိုယ်တွေ့ပါခင်ဗျာ(ပညာရှင်များအတွက် မရည်ရွယ်ပါ)
လိုအပ်ချက်
၁။ Memory stick 4 Gbs တစ်ချောင်း
၂။ UltraISO For Windows Installation Bootable Maker ဒီမှာ ယူပါ
၃။ Windows image (iso file) (Wins7/8) မိမိကြိုက်နှစ်သက်ရာ Windows သုံးနိုင်ပါတယ်
Bootable USB ပြုလုပ်ရန်
၁။ မိမိ bootable ပြုလုပ်လိုသော Windows.iso( image) ပေါ်တွင်right click>open with> ultra iso program လေးကို ရွေး၍ click လိုက်ပါ
၂။ Menu Bar မှ Bootable>write disk image ကို click လိုက်ပါ
၃။ write disk image ဘောက်တွင်အောက်ကအတိုင်းရွေးပေးလိုက်ပါ
Disk drive: USB ၏ letter( E/G စသဖြင့်)
Write Method: USB-HDD+
၎။ Format> Write ကို တစ်ဆင့်ချင်း click နှိပ်သွားပါ
percentage % ပြပါလိမ့်မည်....ပြီးပါက
Windows installation ပြုလုပ်နိုင်သော USB တစ်ချောင်းမိတ်ဆွေ ပိုင်ဆိုင်ပါပြီ
Windows installation ပြုလုပ်ခြင်း
၁။ BIOS တွင် Boot option မှာ first boot device ကို မိမိ၏ USB ကိုရွေးလိုက်ပါ
၂။ F10 key ကို နှိပ် save ပြီး computer ကို ဆက် Run လိုက်ပါ
၃။ Windows installation ဆောင်ရွက်နေမှုကို မြင်တွေ့ရပါလိမ့်မည်။
၎။ ၁၀ မိနစ်ခန့်ကြာပြီးနောက် Windows file များအား copy ကူးသည့်အဆင့်ပြီးဆုံးကာ restart ကျပါမည်
restart ကျစဉ် Black screen ပေါ်လာတာနဲ့ Boot option ကို ၀င်ပြီး first boot device ကိုHard disk (HDD) ကို ပြန်ပြောင်းပေးရပါမည်။
အရေးကြီးပါသည် ...မပြောင်းပါက တစ်ဖန် တစ်ကပြန်စပါလိမ့်မည်....
Thursday, October 31, 2013
ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ
Posted by saw thi ha chitthu at 4:40 AM
အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇)သန်းကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟုယူဆရသော cytomegalovirus များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg မှ သုတေသီ Erik larsson က ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြချက်တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်းရှင်းပြခဲ့ပါသည်။
ယခုလေ့လာမှုကိုသြဇာတိက္ကမ ကြီးသော သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Nature Communications တွင် ဖော်ပြထားခြင်းဖြစ်သည်။ လေ့လာမှုတွင် အစွမ်းထက် စူပါကွန်ပျူတာများကို အသုံးပြုပြီး ကင်ဆာကျိတ်ပေါင်း ၄၀၀၀ကျော်မှ တစ်ရှုးနမူနာများနှင့် DNA အတွင်းမှ sequence (၇)သန်းကျော်ကို သုတေသနပြုခဲ့ကြသည်။
သန့်စင်
ref: ANI
Tuesday, March 5, 2013
ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)
Posted by saw thi ha chitthu at 1:54 AMဗုဒ္ဓဘာသာကို ဒီိမိုကရေစီနည်းကျသည်ဟု ဆိုကြ၏။ ဒီမိုကရေစီကို ယနေ့ခေတ်ကာလ၏ အကောင်းဆုံးသော အခင်းအကျင်းအဖြစ် လက်ခံထားကြ၏။ သို့ဖြစ်၍ ကမ္ဘာ့လူသား၏ စံနှုန်းများကို သတ်မှတ်ဝေဖန်ကြရာတွင် ဒီမိုကရေစီနည်းကျမကျ သုံးသပ်ကြလေ့ရှိ၏။ အချို့ကလည်း မိမိတို့ အဆုံးစွန်တန်ဖိုးထားသော ဘာသာတရားကို ဒီမိုကရေစီဟူသော မရေမရာ ခေတ်ကာလရေပန်းစားသော နိုင်ငံရေးသဘောတရားတစ်ခုမျှသာဖြစ်သော နိုင်ငံရေးစနစ်တစ်ခုနှင့် နှိုင်းယှဉ်အကဲဖြတ်မှုကို ဘ၀င်မကျချင်ကြ။
ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခုတွင် ကိုးကွယ်မှုဦးရေအားဖြင့် အောက်ဆုံးရောက်နေ၏။ သို့သော်လည်း ပေါ်ပြူလာဖြစ်ခြင်းနှင့် အနှစ်သာရပြည့်ဝခြင်းတို့မှာ တစ်ထပ်တည်းကျသည်ဟု မဆိုနိုင်။ ပေါ်ပြူလာဖြစ်တိုင်းလည်း အနှစ်သာရပြည့်ဝသောကြောင့်ဟု မဆိုနိုင်သလို အနှစ်သာရပြည့်ဝတိုင်းလည်း ပေါ်ပြူလာဖြစ်မည်ဟု မဆိုနိုင်။ ဤသည်မှာ လောကကြီး၏ နိယာမဟု ဆိုရမလို ရှိ၏။ သို့ဖြစ်၍ ကိုးကွယ်သူဦးရေ အောက်ဆုံးရောက်နေသော ဗုဒ္ဓဘာသာကို အနှစ်သာရနည်းပါးမှုကြောင့်ဟု မဆိုအပ်။
ယနေ့ကမ္ဘာ့ပညာရှင်များ၏ မျက်လုံးထဲကို ကြည့်လိုက်လျှင် ဗုဒ္ဓဘာသာကို လေးလေးနက်နက် စဉ်းစားလာနေကြ၏။ ဗုဒ္ဓဘာသာ၏ အမှီအခိုကင်းမဲ့မှု (ကိုယ့်ကိုကိုယ် အားကိုးရမယ်)သည် ရှေးယခင်က ဘာသာခြားတို့၏ ထိုးနှက်ကဲ့ရဲ့စရာ အားနည်းချက်ကြီးတစ်ခုလို ဖြစ်ခဲ့သော်လည်း ယခုအခါမှာကား လောကလူသားတို့၏ ကိုယ့်အားကိုယ် ကိုးနေရမှုကို မျက်ဝါးထင်ထင် မြင်လာနေပြီ ဖြစ်၏။ ဘ၀၏ မှီခိုရာကင်းမဲ့မှုကို မျက်ဝါးထင်ထင် မြင်လာကြရ၏။ အချို့နိုင်ငံများတွင် အသက်အရွယ်ကြီးရင့်လာလျှင် ပို၍ဆိုး၏။ သားသမီးများမှာလည်း တဟုန်ထိုးလှိမ့်ဆင်းနေသော ခေတ်ကာလ ရေးစီးကြောင်းထဲတွင် ၀ရုန်းသုန်းကား လိုက်ပါသွားနေရ၏။ သို့ဖြစ်၍ လူကြီးသူမများမှာ ပို၍ အထီးကျန်လာရ၏။ အမှီအခို ကင်းလာ၏။ ကိုးကွယ်ရာဟူ၍ ရှာမတွေ့။
နှလုံးသားဖြင့် စတင်ခဲ့ပုံရသော ကမ္ဘာ့ကြီးသည် တဖြည်းဖြည်း နှလုံးသားကို နှစ်လပေါင်းများစွာ မေ့လျော့ထားခဲ့ကြ၏။ ရုပ်ဝတ္ထုများနောက် စုံမှိတ်လိုက်ပါခဲ့ကြ၏။ ယခုအခါ မေ့လျော့ခံ နှလုံးသားကို ပြန်လည်ကြည့်မြင်လာတတ်ကြပြီ ဖြစ်၏။ နှလုံးသားတွင် အထီးကျန်ဆန်ခြင်းနှင့် အမှီအခိုမဲ့မှု၊ မလုံခြုံမှုတို့ကို ရိပ်စား(ရိပ်စား)မိလာကြ၏။ အစဉ်ထာဝရ ရိုက်ခတ်လာနေသော ကောင်းမှု၊ မကောင်းမှုတို့က နှလုံးသားမှာ ကြေးမှုံပြင်လို ထင်ရှားနေတာကို တွေ့လိုက်ကြရ၏။ ကံသုံးပါးနဲ့လုပ်ဆောင်လိုက်သမျှသည် နှလုံးသားမှာ ရိုက်ခတ်လာ၏။ ရိုက်ခတ်လာသော နှလုံးခုန်သံနှင့် ကံအသစ်တို့ကို ထပ်လောင်းလုပ်ဆောင်ဖြစ်ကြ၏။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ လောက၏ အဖြစ်အပျက်တို့မှာ ပြုလုပ်ဖန်ဆင်းသူသည် ကိုယ်ကိုယ်တိုင်ကလွဲ၍ အခြားမရှိ။ ငါသာလျှင် ငါ့ဘ၀ရဲ့ ဖန်ဆင်းရှင်ပါလားဟူ၍ ရိပ်စားမိလာကြပြီ။
ဤသို့ဖြင့် ဗုဒ္ဓစာပေကို လေ့လာနေသူများလည်း တစ်နေ့တစ်ခြား တိုးပွားလာနေ၏။ လေ့လာသူတို့အနေဖြင့် သူတို့လေ့လာနိုင်စွမ်းရှိလာလေလေ ဗုဒ္ဓဘာသာ၏ လူသားဆန်မှု၊ ဓမ္မဓိဋ္ဌာန်ကျသော လောကအမြင်တို့ကို တွေ့မြင်သိရှိလာကြလေလေ ဖြစ်နေကြ၏။ ထိုအထဲမှ ယနေ့ခေတ်ကာလ၏ ရေပန်းစားသော နိုင်ငံရေးအမြင်တစ်ခုဖြစ်သော ဒီမိုကရေစီသဘောတရားများကို ဗုဒ္ဓတရားတော်များတွင် အမှတ်မထင်လေ့လာရင်းကနေ အမှတ်ထင်ထင် တွေ့ရှိလိုက်ကြရ၏။ လေ့လာသူတို့ ဘ၀င်အခိုက်စေဆုံး သုတ္တန်က ကာလာမသုတ်ခေါ် ကေသမုတ္တိသုတ္တန်ဖြစ်၏။ ဒီနေရာမှာ မေ့နေသော သုတ္တန်တစ်ခုရှိ၏။ ယင်းမှာ ကူဋဒန္တသုတ်တော်ဖြစ်ပါ၏။ ကူဋဒန္တသုတ်တော်မှာ သေသေချာချာ ဖတ်ရှုလေလေ မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သဘောအကျကြီး ကျမိလေလေ ဖြစ်ရ၏။
ဗုဒ္ဓမြတ်စွာသည် လူ့လောကအတွင်း ရှောင်လွှဲ၍မရနိုင်သော လူသားထုတစ်ရပ်လုံးအရေးအတွက် လမ်းညွှန်ချက်ပေးထားသည်မှာ လေးစားကြည်ညိုဖွယ်ရာ ဖြစ်ရပါသည်။ ယခု စာရေးသူက ကူဋဒန္တသုတ်တော်ကို ဗဟိုပြုရင်း ဗုဒ္ဓမြတ်စွာ၏ ကြည်ညိုဖွယ်ရာများကို ဖော်ထုတ်တင်ပြသွားပါမည်။
Subscribe to:
Posts (Atom)