Memory Stick နဲ့ Bootable ပြုလုပ်လိုသောသူများအတွက် Power ISO ဆော့ဝဲနဲ့ကျနော်ညွန်းချင်ပါတယ်။
တစ်ခြားဆော့ဝဲနဲ့လဲ ပြုလုပ်လို့ရပါတယ်။ သို့သော် ကျနော်ကတော့ ဒီ Power ISO နဲ့ USB Bootable ပြုလုပ်တာ
အလွယ်ဆုံးအကြိုက်ဆုံးပါပဲ။ ထည့်ပုံထည့်နည်းလဲအတော်လွယ်ပါတယ်။ အောက်မှာပေးထားတဲ့လင့်မှာ ဆော့ဝဲ
ကိုအရင်ဒေါင်းလိုက်ပါ။ မူးရင်းလင့်မှာလဲ သွားရောက်ဖတ်ရှုပြီး ဆော့ဝဲကိုအဲမှာပဲတစ်ခါတည်းဒေါင်းချင်လဲရတာ
ပဲ။
ဆော့ဝဲကိုအင်စတောထည့်သွင်းပြီး ဖွင့်လိုက်ရင် Register Box ပေါ်လာမယ်။ ဘာ key မှမထည့်လဲ ဒီအတိုင်း
သုံးလဲရပါတယ်။
USB Bootable ဖြစ်အောင် ထည့်သွင်းနည်း...
၁။ Power ISO ပရိုဂရမ်ကိုဖွင့်လိုက်ပါ။ ၎င်းဆော့ဝဲရဲ့ Menu က tool > Create Bootable USB Drive...ကိုနှိပ်
လိုက်ပါ။
၂။ နောက်ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း ...
Source Image File တွင် Window iso file ကိုရွေးပါ (ဒါလဲ Window iso image file ကို အရင်ဒေါင်းထားဖို့လို
ပါတယ်။ ဒါမှမဟုတ် Window DVD ခွေကို ကွန်ပျူတာထဲမှာ iso ဖိုင်ဖြစ်အောင် Nero ဆော့ဝဲနဲ့ ပြုလုပ်ထားဖို့လို
ပါလိမ့်မယ်)။
Destination USB Drive ကို မိမိထည့်မည် USB ကိုရွေးလိုက်ပါ။
Write Method ကို USB HDD ပဲရွေးပြီး Start ကိုနှိပ်။ Procession လုပ်ငန်းစဉ်ပြီးတာနဲ့ USB Bootable တစ်ခု
ရလာပါပြီ။
ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်တွေကို အောက်မှာဖတ်ကြည့်လိုက်ပါ။ အောက်ပါ function အားလုံးကို ဒီဆော့ဝဲနဲ့
ပြုလုပ်လို့ရပါတယ်ခင်ဗျာ။