လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်ခင်ဗျာ
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

Sunday, April 29, 2012

မပြောင်းလဲတဲ့ချစ်ခြင်းနဲ့

ငါချစ်ခဲ့တာ အပေါ်ယံမဟုတ်ဘူး

ငါလွမ်းခဲ့တာ ဟန်ဆောင်တာမဟုတ်ဘူး

ငါ့အကြင်နာတွေက အတုအယောင်မဟုတ်ဘူး

နင်ငါ့ကိုဘယ်လိုပဲ သဘောထားပါစေ

နင်ငါ့ကိုဘယ်လိုပဲ ဟန်ဆောင်ပါစေ

နင်ငါ့ကိုဘယ်လိုပဲ လိမ်ညာပါစေ

ငါကတော့နင့်ကို

ငါ့နှလုံးသားနဲ့ဖြည့်ဆည်းပေးခဲ့တာပါ

နင်ဂရုမစိုက်လည်းရပါတယ်

ဒါပေမယ့်

ငါ့အချစ်တွေက နင့်အပေါ်မှာ

ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး

အဖြူစင်ဆုံးနဲ့အရိုးသားဆုံး

ငါပေးဆပ်ဖြည့်ဆည်းနေမှာပါ............

မပြောင်းလဲတဲ့ချစ်ခြင်းနဲ့ချစ်နေမှာပါ……….

Tuesday, April 24, 2012

အပျင်းပြေဖတ်ဖို့

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ 

မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ 

နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် 

ပညာရှိဟု အထင် ခံရမည်။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် 

သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို 

သူများတွေ လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို 

လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် 

များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် 

ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် 

ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက်စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ 

အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ 

သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် 

ကွမ်းယာသည်များ အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ 

အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် 

ဝင်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။

၁၅။ အနည်းငယ် ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ 

အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင် 

စိုးမိုးထားနိုင်လိမ့်မည်။

Friday, April 20, 2012

အားနာမိပါတယ်


    ဘယ်သူတွေ ဘယ်လိုထင်ထင်
          ငါ့ရင်တွင်းကို မြင်နိုင်တာမှ မဟုတ်တာ
             မကြည့်ချင်လို့ မျက်နှာလွှဲထားသူအတွက်
                ရင်ဘတ်ကိုလည်း ထပ်ပြီး ခွဲမပြတော့ဘူး

                  ငါ့ဘာသာ ရူးရူး သေသေ
                     ဝေဒနာတွေ ဘယ်လောက်ရင့်ရင့်
                        အပြစ်ရှိလို့ ပြစ်ဒဏ်သင့်တယ်လို့ပဲ...
                          မင်းက ဒဏ်ခတ်ရဲမှတော့
                             အသံမထွက်ဘဲ မြိုသိပ်ထားလိုက်ပါ့မယ်

                                စကားလုံးတွေရဲ့ ပေါ့ပျက်မှုနဲ့
                                    ငါ့အချစ်တွေကို လာမတုပါနဲ့
                                      အခုချစ် အခုမုန်းရအောင်လည်း
                                        ဝေါဟာရတွေအများကြီး ငါမသုံးတတ်ဘူး
                                           ဦးနှောက်က နှလုံးသားအထက်မှာဆိုပေမယ့်
                                              ငါတို့တွေရပ်နေတာ မြေကြီးပေါ်မှာလေ
                                                ခံစားတတ်တာ လူတွေရဲ့သဘာဝမို့
                                                   နှလုံးသားက တစစ်စစ်ကိုက်ခံနေတာ
                                                      ချစ်သောသူဟာ အပြစ်ပေးရင် ညင်သာစွာပေးတယ်
                                                          မုန်းသူဟာ နမ်းတဲ့အခါ လှည့်စားတတ်တယ်
                                                              ချစ်သူရယ်...

                                                           ရုဒကိုများ အားကျနေရော့သလား
                                                        မင်းရဲ့စကားလုံးပါးပါးလေးတွေက
                                                     ငါ့အတွက်
                                                  အသွားအထက်ဆုံး ဓါးတွေဆိုတာ
                                                မင်း...မေ့နေသလားဟင်
                                             နာရီ မိနစ် စက္ကန့်အမျှ
                                        တိုက်စားခြင်းခံနေရတဲ့နှလုံးသား
                                    တဖြည်းဖြည်းနဲ့ လုံးပါးပါးလာခဲ့
                                 ကျောခိုင်းချင်လို့ မဟုတ်ပေမယ့်လည်း
                               မျက်ရည်ဝဲနေတာကို မင်းမြင်သွားမှာ
                            အားနာနေမိတယ်..
.
                                   ရုဒရဲ့နှုတ်ခမ်းနဲ့ ငါ့ကိုနမ်းမယ်ဆိုရင်တောင်
                                        မျက်တောင်မခတ်ဘဲ ကျေနပ်ရဲတဲ့ငါ
                                           မင်းပေးလာမယ့် လက်ဆောင်အဖြစ်
                                               ငါ့အသက်ကို စတေးဝံ့ပါရဲ့
                                                  မင်းပါးစပ်က ဒီစကားမျိုး
                                                     နောက်တစ်ခါ ပြောထွက်အုံးမှာလား
                                                         မင်းမသတ်လည်း သေရမယ့်သူပါ
                                                                 နေပူထဲမှာ ခြေစုံရပ်လို့
                                                                     မရေရာတဲ့ အရိပ်တစ်ခုအတွက်
                                                                          မနက်ဖန်တွေကို မေ့ထားလိုက်ချင်ပြီလေ။ ။

                                         တောက ကိုရင်

ပေးပိုလာတဲ့ကိုရင်အား ကျေးဇူးနော်။ တော်၂ကောင်းတဲ့ကဗျာလေးပဲ ။

Thursday, April 19, 2012

ငါငိုခဲ့ရတယ်




အတိတ်က အိမ်မက်ဆိုးတို့ နိုးထချိန်...
 

ဘ၀ရဲ့ အမောတို့ ထိပ်ဆုံးရောက်ချိန်...
 

စိတ်ပျက်စရာ ကမ္ဘာထဲ
 

တစ်ယောက်ထဲ ငါ
 

အားငယ်ချိန်...
 

ပျက်စီးသွားတဲ့ အသည်းနှလုံးတစ်စုံနဲ့ 
 

ယောင်ချာချာလိုက်နေချိန်....
 

အကြိမ်ပေါင်းများစွာ ငါ့ကို သူတို့ ပျက်ရယ်ပြုခဲ့စဉ်
 

ဒါတွေကို ပြန်တွေးရင်း...
 

အချစ်ဆုံးသူက ငါ့ကို မုန်းလေခြင်း....
 

မှားယွင်းမှုတို့ ငါကျူးလွန်လေခြင်း........
 

အော် ဒီလိုနဲ့ အရာအားလုံးစုပေါင်းချိန်...
 

ငါ့မျက်ဝန်းတွေက ပူလောင်နေတဲ့
 

မျက်ရည်တချို့ ....

ငါ့ပါးပြင်တလျှောက်တိုက်စား....
 

ငါ့မျက်မှန်ပေါ်ဖိတ်ကျ...
 

ငါ့ဘ၀က တန်ဖိုးမဲ့သလိုလိုများလား?
 

မပျော့ညံ့ခဲ့တဲ့ ငါ့ရဲ့ မျက်ရည်တွေက
 

အရှုံးပေးဖို့ အတွက်လား?
 

မာကျောတဲ့ ငါ့နှလုံးသားဟာ
 

အရည်ပျော်ခဲ့ပြီလား?
 

ဘ၀ရဲ့ ဒဏ်ခတ်မှုကို ငါ
 

မလွန်ဆန်နိုင်ခဲ့တာလား?
 

စီးကျနေတဲ့ မျက်ရည်တွေကို
 

တစ်ပိုင်းတစ်စ
 

သုတ်လို့ .....
 

ငါ့ဘ၀ကို ငါဆက်လျှောက်ဖို့ ဆုံးဖြတ်
 

ငါ့ရည်ရွယ်ချက်တွေကို
 

ပြန်တည်ဆောက်ဖို့ အချိန်တစ်ခုတော့
 

ပေးရပေမည်.............
 

မှန်သည်။
 

ငါငိုခဲ့သည်။
 

သို့ သော်...ငါအရှုံးမပေးခဲ့ပါ။

ချစ်စရာကောင်မလေး

အမေရယ်


တစ်ကယ်တော့... အမေရယ်...
နိုင်ငံရပ်ခြား တိုင်းတပါးဆိုတာ
အမိမြေနဲ့ ခွဲခွာဖူးသူတိုင်း
သိခဲ့ကြတဲ့ အသိတရားတစ်ခုက
တစ်ဘ၀တာမဟုတ်ဘဲ တစ်ခဏစာအလုပ်လုပ်ဖို့
ရောက်လာခဲ့ကြတာပဲ မဟုတ်လား....?။

တစ်ကယ်တော့... အမေရယ်...
နိုင်ငံခြားမှာ အလုပ်သွားရှာတာဟာ
အဆင်မပြေတဲ့ ဘ၀ရဲ့အကြပ်အတည်းတွေကို
ဖြေရှင်းဖို့အတွက် ပြေးထွက်ခဲ့တဲ့ ထွက်ပေါက်တစ်ခုဆိုရင်...
ဒါဟာ...ဖြစ်သင့်တဲ့ ထွက်ပေါက်အမှန်လား...?။


တစ်ကယ်တော့... အမေရယ်...
သားတိုးထွက်ခဲ့တဲ့ နိုင်ငံခြားဆိုတဲ့
တံခါးပေါက်ရဲ့ နောက်ကွယ်မှာလေ
တွေ့ဆုံကြုံကြိုက် ရှောင်မရလိုက်တဲ့
အဖြစ်တွေက စာဖွဲ့လို့မကုန်နိုင်အောင်
များပြားလွန်းပါရဲ့ အမေရယ်...။

တစ်ကယ်တော့... အမေရယ်...
လူတွေထင်မှတ်ထားကြသလို တိုင်းတပါးမှာရှိတဲ့
အလုပ်အကိုင် ဘ၀အခွင့်အလမ်းတွေဟာ
အဆင်ပြေချင်မှ ပြေလည်ကြတာပါ
ဘ၀ခရီးလမ်း ဆုံးခန်းမတိုင်မှီ
ရည်မှန်းချက် တစ်ဝက်တစ်ပျက်နဲ့
လူငယ်တချို့ ဘ၀ရေတိမ်မြုပ်ကြရရှာတယ်...။
တချို့လူငယ်တွေ သေကြေပျက်စီးကြရရှာတယ်...။
တချို့လူငယ်တွေ ကြေကွဲစွာ ငိုရှိုက်ငြီးတွားကုန်ကြတယ်...။

တစ်ကယ်တော့...
စွန့်ရဲမှစားရတယ်ဆိုတာ တိုင်းတပါးမှာပါအမေရယ်...
ဘ၀ကိုစတေး ခန္ဒာအားပေးဆပ်လို့
အသက်သွေးချွေးနဲ့ ရင်းနှီးခဲ့ကြတဲ့နောက်မှာ
ရရှိလာမယ့် အကျိုးခံစားခွင့်တွေဟာ
ကိုယ်ပေးဆပ်လိုက်ရတာနဲ့ ထိုက်ထိုက်တန်တန် ရှိပါလေစ...။

ဒါပေမယ့်လေ... အမေရယ်...
ဒုက္ခဆိုတဲ့ လောကဓံအကြောင်းတရားတွေဟာ
လူတစ်ယောက်ရဲ့ ဘ၀ကို
ပျော့နေတဲ့ဖရောင်းကနေ သံချောင်းလိုမာအောင်
မာနေတဲ့သံချောင်းကနေ ဖရောင်းလိုအရည်ပျော်သွားအောင်
ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်လေ...။

တစ်ကယ်တော့... အမေရယ်...
သားသိလိုက်ရတဲ့ အသိတရားတစ်ခုက
ဒုက္ခတွေတသီကြီးခံနေတဲ့ ဘ၀ခရောင်းလမ်းနဲ့
လူငယ်တွေအတွက် ဘ၀အရည်အချင်းတွေ
ဆန်းစစ်မြှင့်တင်ပေးနေတဲ့ လောကဓံကျောင်းတော်ကြီးဟာ
ဟိုးအဝေးက တိုင်းတပါးမှာရှိနေတယ်ဆိုတာ
အဝေးကအမေ မြင်ကြည့်လှည့်စေချင်တယ်....။

အဝေးကသား
{ကိုသက်}

သတိမမူဂူမမြင်

သတိမမှု ရင်တော့ ဂူကြီးတလုံးတောင်မှ မမြင်ဘဲ ၀င်တိုက်မိမှာ သေချာတယ်နော် သူငယ်ချင်းတို ရေ..
သတိသာမှုမယ်ဆိုရင် အလွန်သေးငယ်တဲ့ မြူမှုန်ကလေးကိုတောင်မှ မြင်နိုင်တယ်ဆိုတာ သိကြမှာပဲ
တကယ်တော့" သတိ "ဆိုတာ အသိတရားရှိသူတွေရဲ့  လက်ထဲက တုံးတောင်ဝှေး တစ်ခုဖြစ်တယ်
အသိဥာဏ် ရင့်ကျက်သူတွေဟာ သတိကိုဘယ်တော့မှ လက်မလွတ်ကြဘူး သူငယ်ချင်းတို့ ....
တကယ်တော့ သတိထားတယ်ဆိုတာဟာ အလေးနက်ရှိမှုရဲ့  သင်္ကေတပါပဲ စိတ်ဝင်စားခြင်းရဲ့ 
လက္ခဏာလည်းဖြစ်တယ် သတိမေ့တယ်ဆိုတာ သတိဆောင်မထားတတ်သူတွေရဲ့  ချွတ်ယွင်းချက်တခုပေါ့
မေ့မျောသွားတဲ့သူကို သတိလစ်သွားတယ်လို့  ပြောကြတယ်မဟုတ်လား....
သတိဆိုတာ ဦးနှောက်ရဲ့  ထိန်းချုပ်မှုတစ်ခုမျိုးပဲ သူငယ်ချင်းတို့ ရဲ့  ဦးနှောက်မှာတော့ အသိဆိုတာ
ရှိတာပေါ့ ဒါကြောင့် သတိကို အသိက ထိန်းချုပ်ထားတယ်လို့  ဆိုနိုင်တယ် ....
တချို့ များကျတော့ အသိတရားကတောင် မထိန်းချုပ်လိုက်နိုင်ဘဲ သတိလက်လွတ် ပြောဆိုလုပ်ကိုင်
ပစ်တတ်ကြတယ် ဒါကို ဆင်ခြင်ဥာဏ် ကင်မဲ့ခြင်းလို့  ခေါ်တယ် ဆင်ခြင်တုံ တရားဆိုတာ အသိတရားက
ဆင်းသက်လာတဲ့ အရည်ချင်း တစ်ရပ်ပေါ့ သူငယ်ချင်းတို့ ရယ် ဆင်ခြင်တတ်သူတွေဟာ သတိ ရှိကြစမြဲပါပဲ....
တစ်ခါတလေမှာတော့ ပညာရှိ သတိဖြစ်ခဲ ဆိုတာလည်း ရှိတတ်တယ်လေ အသိလွန်ပြီး သတိက
ကျော်သွားမိတာမျိုးပေါ့ သူငယ်ချင်းတို့  သိတာ တတ်တာ တွေများလာတော့ သတိထား ဆင်ခြင်ရမယ့်
အချက်တွေကို ထည့်မတွက်မိတော့ဘူးလေ ဒါကြောင့်လည်း မမှားသောရှေ့ နေ မသေးသောဆေးသမား
ရယ်လို့  မရှိဘူးဆိုပြီးပြောကြတာပေါ့ ......
သူငယ်ချင်းတို့ ရေ ဘယ်နေရာမဆို သတိလေတွေကို လက်မလွတ်ပါစေနဲ့ လို့  ဖူးပြောပါရစေ
ကိုယ့်ဘ၀ကိုယ် အမြဲသတိရပါ ဘ၀မမေ့ပါနဲ့  ကိုယ့်ရည်မှန်းချက် ကိုယ် အကောင်းထည် ဖော်ပါ
အမြဲသတိရှိပါ လမ်းမလွဲချော် သွားပါစေနဲ့  ကိုယ့်လုပ်ရပ်အပေါ် အမြဲသတိထားပါ သတိဆိုတာ ပိုတယ်လို့ 
မရှိပါဘူး လိုတယ်လို့ တာ ရှိသတဲ့သူငယ်ချင်းတို့ တွေလဲ အသိ သတိ အမြဲရှိနိုင်ကြပြီး ဘ၀မှာအောင်မြင်သော
သူများဖြစ်ပါစေလို့ .......ဖူး .....ဆုတောင်းနေလျှက်ပါ.....

" လောကကြီးမှာ "

ဖြစ်ချင်တာကို
ဖြစ်အောင်လုပ်ရင်ရပါတယ် ၊
မရမရှိပါဘူး
ဇွဲ ၊ လုံ့ လ ၊ ၀ီရိယ ၊
ပယောဂကို
အသိ ၊ သတိ ၊ ဥာဏ်
ပညာ နဲ့  ဦးစီးရင်
ဖြစ်ကို ဖြစ်ရတယ် ။

Tuesday, April 17, 2012

ဘာကြောင့်မျက်ရည်ကျရလဲဆိုတာ



မိန်းမတွေမှာ..
သူတို့ချစ်တဲ့သူအတွက်
ဘာမဆိုလုပ်ရဲတဲ့ သတ္တိရှိတယ်..ဆိုတာ
မမေ့နဲ့… မှတ်ထား.. ။

တစ်စုံတစ်ခု ကိုလိုချင်ရင်..
တစ်စုံတစ်ခုကို ပေးဆပ်ရတယ်တဲ့..။
လူဆိုတာ ကိုယ့်အလုပ်ကိုယ် တန်ဘိုးထားတတ်ရတယ်..
ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိပ်ရှေ့တန်းမတင်ရဘူး..လို့
ကျွန်မထင်မြင်ယူဆချက် ကို..
တချို့သော သူများက မှန်တယ်လို့
ထောက်ခံကောင်းထောက်ခံပေမဲ့..
တချို့..တချို့သော သူများကျတော့
လက်ခံချင်မှ..လက်ခံလိမ့်မယ်..ဆိုတာ..
ကျွန်မ ကြိုတင်တွက်ဆပြီးသားပါ..။
ဘ၀မှာ……
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို
ဦးစားပေးရမယ် ဆိုတာကို…
ငယ်သေးတဲ့အရွယ်တွေအနေနဲ့
နားလည်ချင်မှနားလည်ကျမယ်..
ဒါပေမဲ့……..ကျွန်မအတွက်တော့
နားလည်ရုံတင်မက …ဒါဟာ..အမှန်ကန်ဆုံးသဘောတရား
ဆိုတာကို သိနေပါတယ်။ ။
.............
တွေ့ဆုံမှုတိုင်းမှာ
ခွဲခွာမှု ရှိတယ်ဆိုတာ
ဘာကြောင့်လဲလို့ မေးစရာမလိုလောက်အောင်
ဘ၀ရဲ့ အတွေ့အကြုံ..လောကရဲ့ နိယာမသဘောတရား
ဆိုတာကို ..သိတတ်နားလည်နေရပြီလေ…။

ဖြစ်နိုင်ရင်
ကိုယ်ချစ်တဲ့..မြတ်နိုးတဲ့
သူနဲ့..
အတူတူ ပျော်ရွှင်ချင်ကျမှာပဲလေ။
..............
ဒါပေမဲ့…
ဘ၀ကို လူ့အသက်..အရွယ် အပိုင်းအခြားအလိုက်
ကိုယ် လက်ရှိဖြစ်တည်နေတဲ့
အသက်အရွယ်မှာ…ဘာကိုဦးစားပေး
လုပ်ရမလဲ.. လုပ်သင့်သလဲ ဆိုတာကို
သိလာတဲ့အခါ…
ဘ၀တစ်ခုလုံးကို နှစ်မြူပ်ပြီး..
အလုပ်လုပ်တဲ့သူသာလျှင်..
ကြီးကြီးကျယ်ကျယ်..အောင်မြင်တယ်ဆိုတာ..
ကျွန်မ ယုံတယ်..။
ကျွန်မရဲ့ အဖိုးတန်တဲ့ အချိန်တွေကို
ယောင်္ကျားတစ်ယောက်ကို ပုံပေးပြီး
ချစ်ဖို့ဆိုတာ…ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး..။

စိတ်ကူးနဲ့လက်တွေ့ဘ၀ဟာ..
တစ်ခါတစ်ရံမှာ အကြီးအကြယ် ကွာခြားတတ်ပါတယ်..
ဘ၀ဆိုတာ..ကိုယ်လုပ်ချင်တိုင်း..ဖြစ်ချင်တိုင်း..
ဖြစ်ခွင်..လုပ်ခွင့် ရတာမှ မဟုတ်တာပဲ..
သူ့အချိန်..အခါအလျှောက်
လုပ်သင့်လုပ်ထိုက်တာ..
ဖြစ်သင့်ဖြစ်ထိုက်တာကို..
လုပ်နေကျရတာပဲဆိုတာကို
ကျွန်မ နားလည်ထားပါတယ်..
ဒါပေမဲ့
ကျွန်မ…နားမလည်နိုင်တာ
ဘာကြောင့် ကျွန်မ မျက်ရည်ကျနေသလဲဆိုတာ။

ကျွန်မ…
အလုပ်မပျက်..ဘ၀မပျက်ပေမဲ့
နှလုံးသားကွဲကြေအက်သွားတဲ့..
ကျွန်မ အဖို့တော့..
ပျော်ရွင်မှုနဲ့ ဝေးခဲ့ရပါပြီ..။
ဘ၀ဟာ..ဘာအဓိပ္မါယ်လဲ ?
အချစ် နှင့် ဘ၀ ကို ခွဲခြားနားလည်..
ကိုယ့်ဘ၀ကိုယ်..
ကျေနပ်နေတဲ့ ကျွန်မ..
နားမလည်နိုင်တာ..
ဘာကြောင့် မျက်ရည်ကျနေရသလဲ..ဆိုတာ..။

ပေးပို့လာတဲ့ညီမလေး ဖူးအားကျေးဇူးတင်ပါတယ်။

Monday, April 16, 2012

ဘဝမှာ အောင်မြင်ဖို့အတွက်

ယခုခေတ် ကျွန်တော်တို့လိုလူငယ်တွေအများစုဟာ မိမိလုပ်တဲ့အလုပ် မိမိရည်မှန်းချက် တို့မအောင်တဲ့အခါစိတ်ဓါတ်ကျသွားတတ်ကြပါတယ်။ မိမိပြန်ပြီးနောက်ထပ် ဇွဲ ရှိရှိနဲ့ကြိုးစားမယ်ဆိုတဲ့စိတ်မမွေးကြပါဘူး။တကယ်တော့ ဘ၀ဆိုတာမိမိကိုယ်တိုင်ကြိုးစားမှု့မပါ
ပဲ ထိပ်ဆုံးသို့မရောက်နိုင်ပါဘူး။ ကြိုးစားမှု့တိုင်းမှာလည်း ဇွဲရှိဖို့လိုပါတယ်။
သင့်ဘ၀မှာ သင့်ရည်မှန်းချက် မအောင်မြင်ခဲ့ရင် ကျရှုံးခဲ့ရင် စိတ်ဓါတ်ကျမသွားပါနဲ့ ဇွဲ ရှိရှိနဲ့ပြန်ပြီးကြိုးစားပါ။
သင့်ဘ၀အတွက်အမှားတွေကို သင်ခန်းစာအဖြစ်ယူပြီး ဇွဲရှိရှိနဲ့ဆက်ပြီးကြိုးစားပါ။
အားငယ်တဲ့စိတ်တို့ သိမ်ငယ်တဲ့စိတ်တို့ကို မမွေးပါနဲ့ မိမိကိုယ်မိမိ အားပေးရင်း ဇွဲ နဲ့ငါပြန်ပြီးကြိုးစားမယ်ဆိုတဲ့စိတ်မွေးပါ။
ဘ၀ဆိုတာဓါတ်လှေကားစီးသလို ခလုပ်လေးနှိုပ်လိုက်ယုံနဲ့အပေါ်ကိုချက်ချင်းမရောက်နိုင်ပါ။တစ်ဆင့်ချင်းကိုယ်တိုင်တက်ရတဲ့
လှေကားမျိုးပါ။ဒါကြောင့် ဇွဲ ရှိဖို့လိုပါတယ်။
သင့်ဘ၀မှာဘယ်လိုကိစ္စပဲလုပ် လုပ် ဇွဲ ရှိရှိ နဲ့အမြဲကြိုးစားပါ။
လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ဆိုတဲ့ စကားရှိပါတယ်။ဒါကြောင့် ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့ တောင်တွေးမြောက်တွေး စိတ်မလေးနဲ့ တောင်ကြံမြောက်ကြံ မပူပန်နဲ့ ကံစီမံတိုင်းဖြစ်လိမ့်မယ် (မှတ်ချက်)ကံစီမံတိုင်းဆိုတာ မိမိနေစဉ်လုပ်နေတဲ့ကောင်းမှု မကောင်းမှု သူတစ်ပါးအပေါ်စိတ်ထားကောင်း မကောင်းတို့ဖြစ်ပါတယ် သင့်ဘ၀မှာ မအောင်မြင်တာရှိခဲ့ရင် ဇွဲ မရှော့လိုက်ပါနဲ့ ပြန်ပြီး ဆက်ကြိုးစားပါ။
လဲကြသွားသောလူတယောက်ဟာ ဇွဲ မရှိပဲနဲ့ပြန်ပြီးထလာဖို့ဆိုတာမဖြစ်နိုင်ပါ။ဒါကြောင့် သင့်ဘ၀မှာအောင်မြင်သောလူတယောက်ဖြစ်ဖို့အတွက် ဇွဲ ရှိဖို့လိုပါတယ်။

ကရင်မလေး

ကရင်မလေး

Sunday, April 15, 2012

အချစ်ကိုနားမလည်တဲ့ငါ

ချစ်ခဲ့တယ် သူ့ကို အားလုံးထက် တန်ဖိုးထားပြီးတော့ပဲ ချစ်ခဲ့တယ်။

သူ့အတွက်ပဲ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို လုပ်ခဲ့မိတယ်။

ငါ့ကို မချစ်တဲ့ ငါ့ချစ်သူကို ချစ်နေမိတယ်။

မချစ်တဲ့အတွက် အပြစ်လေးကို အပြစ်ကြီးလုပ်ခါ ပစ်ခွာသွားခဲ့တာ။

တစ်ရက် တစ်မနက်အတွက်ပဲ အချစ်ကို အသုံးခဲ့တဲ့ သူဟာ။

ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်ဆို သူပြန်လာမလား စောင့်မျှော်နေတာ 

သူသိမလား။

ဘယ်တော့မှ ပြန်မလာတာ သိနေတာတောင် ပြန်လာဖို့ 

ဆုတောင်းနေခဲ့မိတယ်။

နာကျင်နေတာတောင် ပြုံးနေတဲ့ နှုတ်ခမ်းက မဲ့လာနေပြီဆိုတာ 

သူသိစေချင်တယ်။

ချစ်လို့ စိတ်မချဖြစ်တာကို မယုံလို့ဆိုပြီး နားလည်မှုလွဲပြီး

ချုပ်ချယ်တယ်လို့ အမည်တပ်လိုက်တဲ့အခါ။

အပြောင်းလဲများပြီး နှလုံးသားကို အရူးလုပ်တာတွေ 

မရပ်သေးတဲ့အတွက်.....

သူ့ကို ချစ်တဲ့ ငါ့အချစ်တွေက ပူလောင်စေခဲ့တယ်။

သူ့အတွက် ဂရုစိုက်မှုတွေက ရူးမိုက်မှုလို့ အသတ်မှတ်ခံရတယ်။

သူ့အတွက် မေတ္တာက သစ္စာမပါဘူးလို့ ထင်မှတ်ခံရတယ်။

သူ့အတွက် ငါ့ဘဝက စားလို့ကုန်တဲ့ မုန့်လို လွှင့်ပစ်ခံခဲ့ရတယ်။

သူ့အတွက် ငါက ကစားလို့ ဝသွားတဲ့ အရုပ်လို 

အမှိုက်ပုံးထဲ ရောက်စေခဲ့တယ်။

ချစ်သူ ငါ့ကို ဘယ်လိုလုပ်လုပ် ငါက မမုန်းပါဘူး။ ဒါပေမယ့် ငါမရှိတဲ့

နေ့တွေမှာ တကယ်ပျော်နေရင် ပြန်မလာပါနဲ့။ ငါ့ ဝေဒနာကို 

နင့်ပျော်ရွှင်မှုနဲ့

လဲလို့ရတယ်ဆိုရင် ငါကျေနပ်ပါပြီ။

ဆက်လက်ကြိုးစားပါအုံးမည်။

အဝေးက---------------------------------------------------
 

ရက်စက်တတ်တဲ့လူမှာတန်ပြန်အကျိုးသက်ရောက်မှုတောရှိစမြဲပါ

Saturday, April 14, 2012

အမေရယ်


တစ်ကယ်တော့... အမေရယ်...
နိုင်ငံရပ်ခြား တိုင်းတပါးဆိုတာ
အမိမြေနဲ့ ခွဲခွာဖူးသူတိုင်း
သိခဲ့ကြတဲ့ အသိတရားတစ်ခုက
တစ်ဘ၀တာမဟုတ်ဘဲ တစ်ခဏစာအလုပ်လုပ်ဖို့
ရောက်လာခဲ့ကြတာပဲ မဟုတ်လား....?။

တစ်ကယ်တော့... အမေရယ်...
နိုင်ငံခြားမှာ အလုပ်သွားရှာတာဟာ
အဆင်မပြေတဲ့ ဘ၀ရဲ့အကြပ်အတည်းတွေကို
ဖြေရှင်းဖို့အတွက် ပြေးထွက်ခဲ့တဲ့ ထွက်ပေါက်တစ်ခုဆိုရင်...
ဒါဟာ...ဖြစ်သင့်တဲ့ ထွက်ပေါက်အမှန်လား...?။


တစ်ကယ်တော့... အမေရယ်...
သားတိုးထွက်ခဲ့တဲ့ နိုင်ငံခြားဆိုတဲ့
တံခါးပေါက်ရဲ့ နောက်ကွယ်မှာလေ
တွေ့ဆုံကြုံကြိုက် ရှောင်မရလိုက်တဲ့
အဖြစ်တွေက စာဖွဲ့လို့မကုန်နိုင်အောင်
များပြားလွန်းပါရဲ့ အမေရယ်...။

တစ်ကယ်တော့... အမေရယ်...
လူတွေထင်မှတ်ထားကြသလို တိုင်းတပါးမှာရှိတဲ့
အလုပ်အကိုင် ဘ၀အခွင့်အလမ်းတွေဟာ
အဆင်ပြေချင်မှ ပြေလည်ကြတာပါ
ဘ၀ခရီးလမ်း ဆုံးခန်းမတိုင်မှီ
ရည်မှန်းချက် တစ်ဝက်တစ်ပျက်နဲ့
လူငယ်တချို့ ဘ၀ရေတိမ်မြုပ်ကြရရှာတယ်...။
တချို့လူငယ်တွေ သေကြေပျက်စီးကြရရှာတယ်...။
တချို့လူငယ်တွေ ကြေကွဲစွာ ငိုရှိုက်ငြီးတွားကုန်ကြတယ်...။

တစ်ကယ်တော့...
စွန့်ရဲမှစားရတယ်ဆိုတာ တိုင်းတပါးမှာပါအမေရယ်...
ဘ၀ကိုစတေး ခန္ဒာအားပေးဆပ်လို့
အသက်သွေးချွေးနဲ့ ရင်းနှီးခဲ့ကြတဲ့နောက်မှာ
ရရှိလာမယ့် အကျိုးခံစားခွင့်တွေဟာ
ကိုယ်ပေးဆပ်လိုက်ရတာနဲ့ ထိုက်ထိုက်တန်တန် ရှိပါလေစ...။

ဒါပေမယ့်လေ... အမေရယ်...
ဒုက္ခဆိုတဲ့ လောကဓံအကြောင်းတရားတွေဟာ
လူတစ်ယောက်ရဲ့ ဘ၀ကို
ပျော့နေတဲ့ဖရောင်းကနေ သံချောင်းလိုမာအောင်
မာနေတဲ့သံချောင်းကနေ ဖရောင်းလိုအရည်ပျော်သွားအောင်
ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်လေ...။

တစ်ကယ်တော့... အမေရယ်...
သားသိလိုက်ရတဲ့ အသိတရားတစ်ခုက
ဒုက္ခတွေတသီကြီးခံနေတဲ့ ဘ၀ခရောင်းလမ်းနဲ့
လူငယ်တွေအတွက် ဘ၀အရည်အချင်းတွေ
ဆန်းစစ်မြှင့်တင်ပေးနေတဲ့ လောကဓံကျောင်းတော်ကြီးဟာ
ဟိုးအဝေးက တိုင်းတပါးမှာရှိနေတယ်ဆိုတာ
အဝေးကအမေ မြင်ကြည့်လှည့်စေချင်တယ်....။

အဝေးကသား
{ကိုသက်}

Friday, April 13, 2012

ပိတောက်သစ္စာ

ပန်းတွေ ပွင့်ပြီ....မောင်
ပိတောက်တွေ....ပေါ့...မောင်
ခူးကြ ချိုးကြ နဲ့.ဆူဆူညံညံ ပါပဲ
ကြွေကျ သွားလို့မြေပေါ်မှာ ကျသွားတဲ့
ပိတောက်ဖူးလေးတွေ အပွင့်လေးတွေ...
မေ....သနားမိတယ်။
လူတွေက အပင်ပေါ်က ပန်းကိုဘဲ
တန်ဖိုးထားကြတာ...
သူတို့ ကြောင့်မြေပေါ်ရောက်သွားတဲ့
ပန်းပွင့်လေးတွေကိုတော့
နင်းသွားကြတယ်လေ။..
ပန်းလေးတွေက စိတ်မဆိုးပါဘူး
သူတို့ ရဲ့အလှကို ..လူတွေ. အတွက်ဆိုပြီး
အစွမ်းကုန်..ထုတ်ပြနေကြတယ်။
ချစ်သူတွေအတွက်....
ချစ်ခြင်းသက်သေ အဖြစ်လည်း
ပိတောက်က ပါရသေးတယ်။
နှစ်သစ်ဦးမှာ မင်္ဂလာ ပန်းအဖြစ်လည်း
ပိတောက်က ပါရသေးတယ်။
မေ တို့ ..
ပိတောက်ကို သစ္စာ မဲ့တဲ့ပန်းလို့
မခေါ်ကြစို့လားဟင်........။

ကြိုစားလျှက် ချစ်စရာကောင်မလေး

Wednesday, April 11, 2012

အိမ်မက်စေတမန်

Monday, April 9, 2012

ဓမ္မဆန်းဒေးစကူး လင်္ကာမြေ

Saturday, April 7, 2012

ချစ်နိုင်ကြပါစေ

ဒါအချစ်တဲ့လား …
 

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ 

တစ်ခါတစ်လေမှာ ရတာမလို၊
 

လိုတာမရ အချစ်ဘဝမျိုးလည်းကြုံရတတ်ပါတယ်။
 

တော်တော်များများချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှု
 

တွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် 

မသိနိုင်ဖြစ်ရတတ်ပါသတဲ့။
 

အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ …
 

အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ 

အဲလို
 

မခံစားရဘူးလား။ ဒါဆိုရင်တော့
 

ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက်
 

၇ချက်ရှိရဲ့လားလို့စဉ်းစားကြည့်ပါ။
 

၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect) ကိုယ်က 

တစ်ခုခုကို
 

လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ
 

စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ 

ချစ်သူနှစ်ယောက်
 

တစ်ယောက်ကို တစ်ယောက်
 

လေးစားချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ 

အားနည်းချက်၊
 

မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်း
 

အကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါသတဲ့။
 

၂။ ယုံကြည်မှု (Trust) ဥပမာ – ကိုယ့်ချစ်သူက ကိုယ်တခြား
 

ကောင်လေး/ကောင်မလေး တွေနဲ့ စကားပြောတဲ့အခါ
 

တို့ ဘာတို့မှာ ကိုယ်ကသူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို
 

အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာ
 

က ပြဿနာမဟုတ်ပေမယ့် အဲ့လိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက
 

ဘယ်လိုတုန့်ပြန်သလဲဆိုတာကအရေးကြီးတာပါ။
 

ခိုင်မြတဲ့ အချစ်မှာ ယုံကြည်မှုကအရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို 

အမြဲ
 

သဝန်တိုပြီး “ နင့်ကို ယုံလိုက်မယ် တောထဲ
 

 မှာ ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက 

မဖြောင့်ဖြူးနိုင်ပါဘူး။
 

၃။ ရိုးသားမှု (Honesty) ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ 

အမြဲဆက်စပ်နေပါတယ်။
 

ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်
 

က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ 

ယုံကြည်မှုပျောက်လာတတ်တာ
 

သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက
 

စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး
 

ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆို
 

ပါစို့။ နောက်တစ်ခါ သူက အဲ့လိုပြောလာရင် ကိုယ်က သူ့ကို
 

ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့
 

တည်ဆောက်ထားတာပါ။
 

၎။ အားပေးမှု (Support) အားပေးတယ်ဆိုတာကလည်း
 

စိတ်ဓာတ်ကျနေချိန်မှမဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေး
 

မှာအမြဲတမ်းရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို 

အချစ်ကလည်း
 

အမြဲခိုင်မာနေမှာအမှန်ပဲ။
 

၅။ မျှတမှု (Fairness/Equality) ကိုယ့်ချစ်သူကို
 

ကိုယ်ကပဲအမြဲပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ 

ကိုယ့်ချစ်သူကို
 

အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် 

ရန်ဖြစ်တတ်တာက
 

အတ္တတွေကိုရှေ့တန်းတင်ပြီး
 

ကိုယ်ကပဲ နိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလို
 

ချစ်တ့ချစ်ပုံပြင်တေကွ ကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်း
 

ကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် 

သူ့ဖက်ကိုယ့်ဖက်
 

မျှမျှတတရှိဖို့ကအရေးကြီးပါတယ်။
 

၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities)
 

ကိုယ့်ချစ်သူနဲ့အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့
 

အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို 

မနေရဘဲ
 

သူ့အကြိုက်အမြဲလိုက်နေရတာ ပင်ပန်း
 

ပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ
 

နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည်
 

တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။
 

၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication) 

တခါတရံ
 

လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ
 

ချစ်ကြိုးသယ်ွတဲ့အ ခါ ပြဿနာမျိုးစုံတတ်တတ်ပါတယ်။ တကယ်တော့
 

တစ်ယောက်နဲ့တစ်ယောက် နားလည်အောင်
 

ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီးမျိုသိပ်ထားတတ်ကြလို့ပါ။ 

တကယ်လို့သာ
 

ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း
 

သာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှုလွဲမှာမဟုတ်ပါဘူး။
 

သူမကြားချင်တ့စဲ ကားဖြစ်မှာစိုးလို့မပြောဘဲ မျိုသိပ်ထား
 

တာမျိုးက ခိုင်မြဲတဲ့အချစ်ဖြစ်မလာနိုင်စေပါဘူး
 

ဒီအချက် ၇ချက်က အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation တွေပါပ။ဲ
 

တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ်
 

ပြည့်စုံတယ်ဆိုတာတော့မရှိပါဘူး။ ဒါပေမယ့်တတ်နိုင်သလောက် 

ကိုယ့်ချစ်သူအပေါ်
 

ကောင်းနိုင်သလောက်
 

ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး
 

ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။
 

အခုတစ်လောကျွန်တော်အချစ်အကြောင်းတွေတင်ချင်လို့
 

အချစ်နဲ့ပတ်သက်တာတွေပဲတင်နေတယ် လူတွေက
 

အချစ်နဲ့မကင်းကြဘူးလေ အချစ်မရှိဘူးဆိုရင် လူဆိုတာလဲရှိလာမှာ 

မဟုတ်ဘူး
 

ဒီပို့စ်လေးဖတ်ပြီးတော့ ချစ်သူတွေ
 

အရင်ကထက်ပိုချစ်နိုင် ကြပါစေလို့ ဆုတောင်းပေးပါတယ်
 

ဆက်လက်ကြိုးစားပါဦးမည် ချစ်စရာကောင်မလေး

Tuesday, April 3, 2012

တာကျဝ့်အဟှင်

စာနာမှုသာထားလိုက်ပါ

ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့
နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်းထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊
အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊
လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့
အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်
ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်
(၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။
ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ
ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ
အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။

နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။

ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။

ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်
(၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ
လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး
မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး
လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့
နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။
ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး
ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်``
လို့ နာမည်ပေးထားတယ်။

လွယ်ခြင်းခက်ခြင်း

♥ သူတပါးရဲ့ အမှားကို မြင်ဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အမှားကို သိဖို့က
ခက်ပါတယ်။
♥ မစဉ်းစားဘဲ ပြောဖို့ လွယ်ပေမယ့် လျှာကို ထိန်းနိုင်ဖို့က ခက်ပါတယ်။
♥ ကျနော်တို့ ချစ်တဲ့ သူတွေကို ထိခိုက်အောင် လုပ်ဖို့ လွယ်ပေမယ့် အဲဒီ
ဒါဏ်ရာကို ဖြေဖျောက်ဖို့က ခက်ပါတယ်။
♥ သူတပါးကို ခွင့်လွှတ်ဖို့ လွယ်ပေမယ့် ခွင့်လွတ်မှုကို တောင်းဆိုဖို့က ခက်ပါတယ်။
♥ စည်းမျဉ်းတွေက ချမှတ်ဖို့ လွယ်ပေမယ့် လိုက်နာဖို့က ခက်ပါတယ်။
♥ ညတိုင်း အိပ်မက်မက်ဖို့ လွယ်ပေမယ့် ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ဖို့က
ခက်ပါတယ်။
♥ အောင်မြင်မှုကို ထုတ်ပြဖို့ လွယ်ပေမယ့် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်တယ်လို့
လက်ခံဖို့က ခက်ပါတယ်။
♥ လပြည့်ညရဲ့ လရောင်ကို ခံစားဖို့ လွယ်ပေမယ့် လရဲ့ တခြားဘက်အခြမ်းကို မြင်ဖို့က
ခက်ပါတယ်။
♥ ခလုတ်တိုက် ချော်လဲဖို့ လွယ်ပေမယ့် ပြန်ထနိုင်ဖို့က ခက်ပါတယ်။
♥ နေ့စဉ်ဘဝမှာ ခံစားပျော်ပါးဖို့ လွယ်ပေမယ့် စစ်မှန် တန်ဖိုးတစ်ခု ဖြစ်ဖို့က
ခက်ပါတယ်။
♥ တစ်စုံတစ်ယောက်ကို ကတိပေးဖို့ လွယ်ပေမယ့် အဲဒီကတိကို ဖြည့်ဆည်းပေးဖို့က
ခက်ပါတယ်။
♥ ချစ်တယ်လို့ ပြောဖို့ လွယ်ပေမယ့် အချိန်တိုင်း သက်သေပြနိုင်ဖို့က ခက်ပါတယ်။
♥ ဝေဖန်ရှုံ့ချဖို့ လွယ်ပေမယ့် သူတစ်ဦးကို မြှင့်တင်ပေးဖို့က ခက်ပါတယ်။
♥ အမှားလုပ်ဖို့ လွယ်ပေမယ့် အမှားကနေ သင်ခန်းစာယူဖို့က ခက်ပါတယ်။
♥ ဆုံးရှုံးသွားတဲ့ အချစ်အတွက် ကြေကွဲဖို့ လွယ်ပေမယ့် လက်မလွတ်ရအောင်
စောင့်ရှောက်ဖို့က ခက်ပါတယ်။
♥ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် တွေးတောစဉ်းစားရတာ လွယ်ပေမယ့် စိတ်ကူးယဉ်တာ
အရှိန်သတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့က ခက်ပါတယ်။
♥ လက်ခံဖို့ လွယ်ပေမယ့် ပေးဖို့က ခက်ပါတယ်။
♥ ခင်မင်မှု၊ အပေါင်းအသင်း ဆိုတာကို တော်ကီနဲ့ ပွားဖို့ လွယ်ပေမယ့် သူရဲ့
အဓိပ္ပာယ်ကိုတော့ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။
♥ သူတပါးရဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ပေမယ့် ကိုယ့်မှာကော ရှိလေမလားလို့
တွေးကြည့်မိဖို့က ခက်ပါတယ်။
♥ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။
♥ အမြင်လွယ်ပေမယ့် အသိခက်ပါတယ်။
♥ အသိလွယ်ပေမယ့် အကျင့်ခက်ပါတယ်။
ဒီစာတွေ ဖတ်လိုက်တာတော့ လွယ်လွယ်လေးနော်။ လိုက်နာဖို့ကတော့ အတော်ခက်သားဗျ။

ကိုယ်ကောင်းရင်ခေါင်းမရွှေးပါ

ကိုယ်ခန္ဒာကောင်းနေရင် အခြေအနေ မပျက် ရပ်တည်နိုင်သလို အခြေခံစေတနာ မှန်ကန်ရင်
အခြေအနေမပျက် ရပ်တည်နိုင်တယ်လို့  ဆိုလိုတယ် ဒါကြောင့် ကိုယ်ခန္ဒာဆိုတဲ့ ပင်ရင်း
စိတ်ဓာတ် ကောင်းမွန်ရင် ဦးခေါင်းဆိုတဲ့ ဘ၀ရပ်တည်မှု မဏ္ဍိုင် ခိုင်ခံ့ မြဲမြံ တယ်လို့ 
မှတ်သာထားပါ သူငယ်ချင်းတို့ ရေ....
***တကယ်တော့ လူတစ်ယောက်ရဲ့  ပင်ကိုစိတ်ရင်းဟာ သန့် ရှင်း စင်ကြယ် ပြီးသားပါ သူငယ်
ချင်းတို့ ရယ် အဲ့ဒီပင်ကို စိတ်အပေါ်မှာ ရောယှက်လာတဲ့ အသွေးအရောင်တွေအပေါ် မှုတည်ပြီး
ဖြူစင်ခြင်း၊မည်းညစ်ခြင်း၊ ဆိုတာဖြစ်လာရတာပဲ ဒီတော့ စိတ်ကို အဖြူထည် အတိုင်းပဲ ထားမလား
အရောင်ဆိုး ပစ်မလား စဉ်းစားကြနော် သူငယ်ချင်းတို့ ....
***မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ စကားလည် ရှိတယ်မဟုတ်လား ဒါကြောင့် ကိုယ်သာ အဓိက
ဖြစ်တယ် ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ နိုင်ဘူးလေ ကိုယ့်ကိုကိုယ် အားကိုးဖို့ လိုတယ်
ကိုယ့်ကိုကိုယ် မြင့်တင်ဖို့ လိုတယ် လူဆိုတာ အတ္တဗဟိုပြု ၀ါဒီတွေမို့  ကိုယ့်ကိုကိုယ်တော့ ချစ်ကြ
ပြီးသားပါ မခဲယဉ်းလှပါဘူး တစ်ခုပဲရှိတယ် ကိုယ်ကောင်းဖို့ အတွက် သူတစ်ပါးကို အဆိုးမပြုမိစေဖို့ 
လိုတယ် သူငယ်ချင်းတို့ ...
***ခံယူချက်ပြင်းထန် ခိုင်မာတဲ့သူတွေဟာ ဘယ်လို ဖြာယောင်း သွေးဆောင် မှုကိုမှ မတုန်လှုပ်ကြဘူး
တကယ်တော့ ခံနိုင်ရည်ဆိုတာ လူတစ်ယောက်ရဲ့  အရည်ချင်း တစ်ရပ်ပဲ သူငယ်ချင်းတို့ ရဲ့ 
နှလုံးသားကို နူညံ့ပျော့ပျောင်းပါစေ ဒါပေမဲ့  ခေါင်းကိုတော့မာမာထားပါ သွေးမကျဲပါစေနဲ ၊
သွေးရဲပါစေ ၊ ဆုံးမစကားကို နားထောင် တတ်သူဖြစ်ပါစေ သွေးထိုးစကားကို နားထောင်
တတ်သူ မဖြစ်ပါစေနဲ့  ......
***ကိုယ့်ကိုကိုယ် ချုပ်ထိန်းနိုင်သူတွေဟာ ထက်မြက် ထူးချွန်သူတွေ ဖြစ်လာတတ်ကြပါတယ်
ကိုယ်လုပ်သမျှကို ကောင်းလည်းကိုယ်စံ ညံ့လည်းကိုယ်ခံ ကံကိုမယိုးစွပ်နဲ့  မိဘကို လွဲမချနဲ့ 
ကိုယ့်ဘ၀ကိုယ် တည်ဆောက်ရမယ်နော် သူငယ်ချင်းတို့ .....
***ကိုယ့်လမ်းကိုယ်ရွေး ၊ကိုယ့်မျော်လင့်ချက်အတိုင်း ကိုယ့်အစွမ်းအစနဲ့  ကိုယ်ပိုင်ရုပ်လုံး
ဖော်ကြပါ အရေးကြီးတာက ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဖို့ ပါပဲ သူငယ်ချင်းတို့ ရေ.......
***သူငယ်ချင်းတို့ ရေ....အတွေ့ အကြုံဆိုတာ အရက်စက် အကြမ်းကြုတ်ဆုံး ရဲ့  ဆရာပဲ
ဒါပေမဲ့ အဲ့ဒီက သင်ခန်းစာတော့ ယူတတ်စမ်းပါ ယူဖြစ်အောင်လဲ ကြိုးစားကြပါလို့ ...

အလိုအပ်ဆုံးလူ

အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ...."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုကသည်။

ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။

" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား
သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ
အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက
ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား
ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက်
ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။
ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ
တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်" လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....

"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့
ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား........
မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။
ဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်။

အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?

ဒါပေမဲ့ .. လောကကြီးမှာ . ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာ ဟာ .. သဘာဝမို့ .. သူမ ရွေးချယ်လိုက်တဲ့ .. သူမရဲ့ ခင်ပွန်း ဆိုတာဟာလည်း သူမနဲ့ တစ်သက်လုံး အဖော်ပြုပေးနိုင်ပါ့မလား ……..

ဒါဆို .. ကျွန်တော်တို့ ..တစ်တွေ အတွက် အလိုအပ်ဆုံးသော ..သူ ဟာ ….

မိဘလား ….
သားသမီးတွေလားးး…
မိမိရဲ့ .. လက်တွဲဖော်လား ဆိုတာ ………….
                အတ္တာဟိ အတ္တနောနာထော ကောဟိနာထော ပရောသိယာ

Related Posts Plugin for WordPress, Blogger...
မင်းကစကော ငါကပိုး အမျိုးဘာသာသာသနာမှာ ဗုဒ်ဓခရစ်ယာန် ခွဲစရာမလိုဘူး ကွဲပြားနေရင် ကျားဆွဲ ဟင်္သသာကိုးသောင်းတို့လို အစားခံရတောမယ်

Template by:

Free Blog Templates